ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၂၁-၃-၂၀၁၈) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်း သစ်ကျေးရွာ၌ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ဆွေးနွေးဟောပြောကြားခဲ့ရာ တက်ရောက်သူလူဦးရေ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်၊ ရေသန့်ဆေး ဘူး(၂၄၀) ထုပ်ပါ (၅) ဘူး၊ လေပြင်းဘေးဗွီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)