Category Archives: News
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၈)ရက်နေ့နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)အချိန်အထိ ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် သဘာဝဘေးနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား ရေသန့်ဘူးများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၈)ရက်နေ့တွင် မကွေးတပ်နယ်၊ သီဟသူရအောင်သိန်းခန်းမ၌ အရာရှိ၊ စစ်သည်အိမ်ထောင်သည် ရဲမေအင်အား (၂၁၂)ဦးတို့အား ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ငလျင်ဘေးအန္တရာယ်နှင့် ငလျင်လှုပ်စဉ်ဘေးကင်းစွာနေထိုင်နည်းတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်သရုပ်ပြလေ့ကျင့်ခြင်းတို့ကိုလည်း စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေနံချောင်းမြို့နယ်၊ အုတ်လှကျေးရွာ စက်ရေတွင်း အသစ်ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှှှင်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၂-၄-၂၀၁၈)ရက်နေ့ (၀၉:၃၀)နာရီဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်း မြို့နယ်၊ ညောင်ပင်အိုင့်ကျေးရွာအုပ်စု၊ အုတ်လှကျေးရွာ စက်ရေတွင်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပါသည်။ စက်ရေတွင်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလှ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖတို့ တက်ရောက်ကြပြီး ရေအနက် ပေ(၇၀၀)တွင် ရေချိုထွက်ရှိသဖြင့် ဒေသခံပြည်သူများ ဝမ်းသာပျော်ရွင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအုပ်စု လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအုပ်စု၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၉) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၄၀၈,၀၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ လေပြင်းဘေးပန်ကြားချက်လက်ကမ်းစာစောင် များနှင့် ရေသန့်ဆေးမှုန့်များကိုလည်း ကျေးရွာမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာအုပ်စု၊ လိပ်ဆင်းပြင်ကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာအုပ်စု၊ လိပ်ဆင်းပြင်ကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
၀န်ကြီးဌာန၏မူဝါဒများ အကောင်အထည်ဖော်ဆောင်ရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင်များ၊ အကောင်အထည်ဖော်ရန် နည်းစနစ်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆွေးနွေးရှင်းလင်းမှုသတင်း
၂၃-၄-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ့ အကျိုးကို ဖော်ဆောင်ရာတွင် ဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ ပြည်သူ များအတွက် တရားသောဥပဒေများ စိုးမိုးရန် လိုအပ်သောဥပဒေများ အသစ်ရေးဆွဲခြင်း မတရားသော ဥပဒေများ ပယ်ဖျက် ပြင်ဆင်ခြင်းများပြုလုပ်လျက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနအတွင်းနှင့် … Read more
-
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ပန်းမြောင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ပန်းမြောင်းကျေးရွာ၌ (၃၀-၃-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀၀ိ/-) ကျပ်တို့အား (၂၃-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀-၄-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီမှ (၁၆း၀၀) နာရီအချိန်ထိ ဖရှုဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ လောခုခူကျေးရွာရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကော့သောင်းမြို့၊ ပုလုံးတုံးတုံးကျေးရွာ Cyclone Shelter အား သွားရောက်ကြည့်ရှုမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးသည် ခရိုင် ဦးစီးမှူးနှင့်အတူ (၂၃-၄-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ ပုလုံးတုံးတုံးကျေးရွာရှိ Cyclone Shelter အား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးသည် ကော့သောင်း ခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား (၂၂-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









