မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောပို့ချမှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၈)ရက်နေ့နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀)အချိန်အထိ ရွှေမြိုင်သီရိရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးတွင် သဘာဝဘေးနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသူများအား ရေသန့်ဘူးများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events