Category Archives: News
-
၀န်ကြီးရုံးမှ ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုညွှန်ချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ချုပ်တို့သည် Ms. Xiaojie Fan, FAO representative in Myanmar, CFSAM for Rakhine State of FAO နှင့်အဖွဲ့တို့အား လက်ခံ တွေ့ဆုံဆွေးနွေးမှုသတင်း
FAO ၏ Crop and Food Security Assessment Mission-CFSAM for Rakhine State နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရေရှည်အစားအစာ သိုလှောင်ခြင်းဆိုင်ရာ လိုအပ်ချက်အပါအဝင် ချက်ခြင်းထောက်ပံ့ပေးရန် လိုအပ်သည့် စီမံကိန်းဖွံ့ဖြိုးတိုးတက် ရေး၊ အစီအစဉ်များနှင့် နည်းဗျူဟာများစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မည့်အကြောင်း၊ ထို့အပြင် FAO သည် Crop and Food Security Assessment Mission-CFSAM for Rakhine Stateနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး … Read more
-
မုန်တိုင်းဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈) ရက် နေ့တွင် ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ မလော့မြစ်တန်းကျေးရွာရှိ school cum shelter တွင် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနဦးဆောင်မှုဖြင့် ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ world vision၊ ဘိုကလေးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာသူ/ သားများ စုစုပေါင်းအင်အား (၄၅၀) ဦးဖြင့် မုန်တိုင်းဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါသရုပ်ပြပွဲသို့ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ် တက်ရောက်အမှာစကားပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန် ရှိသူတစ်ဦးမှ ဌာနဆောင်ရွက်နေမှုများပြောကြားခဲ့ပြီး … Read more
-
တွံတေးမြို့နယ် မိုးကြိုးဘေးနှင့် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ (၁၉) မိုင်တာကုန်းကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင် အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်သဖြင့် မိုးကြိုးထိမှန် သေဆုံး သူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-)ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ … Read more
-
ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူလူထု စုစုပေါင်း (၁၁၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ၌ (၂၅-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) ၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ (၂၆)မျိုးပါ Family Kit (၃) အိမ်ထောင်စာ၊ ပလပ်စတစ်ပုံး (၃) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် ချက်ချင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကောလင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဇာတိမာန်ခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား သဘာဘေးအသိပညာပေးဆွေးနွေးပို့ချပြီးစီးမှု
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ(၁၀:၄၅)နာရီအထိ ကောလင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဇာတိမာန်ခန်းမ၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ၊ ရေကြီးခြင်းများ၊ ငလျင်လှုပ်ခြင်းများအတွက် ဆောင်ရန် ရှောင်ရန်များနှင့် ဘေးကင်းစွာနေထိုင်နည်း၊ ထောက်ပံမှု နှုန်းထားများကိုလည်း ဆွေးနွေးရှင်းလင်းတင်ပြခြင်းနှင့် သဘာဝဘေးအသိပညာပေးစာစောင်များ ဖြန့်ဝေခဲ့ရာ အဆိုပါ ဆွေးနွေးပွဲသို့ စုစုပေါင်း အင်အား (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီထိ ဖရူဆိုမြို့နယ်၊ အိုကေကျေးရွာအုပ်စု၊ အိုကေကျေးရွာတွင် ပြည်သူလူထု (၈၀)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သရက်မြို့နယ်၊ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ယင်းတောကျေးရွာ လေဘေး ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ယင်းတောကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့ (၁၆း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၄,၅၀၀ိ/-)ကျပ်နှင့် ဓမ္မရုံ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်တို့အား … Read more
-
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ပန်းမြိုင်စုံရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ပန်းမြိုင်စုံရပ်ကွက်၌ (၂၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ Family Kit (၁)စုံနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဒဏ်ရာရသူတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၂)ရပ်ကွက်အရှေ့ဘက်(၈)မိုင်အကွာ ဂျာခေါင်ယန်ကွင်းတောထဲတွင် (၁၆-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မိုင်းပေါက် ကွဲမှှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်အား (၂၅-၄-၂၀၁၈)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။









