Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ အုပ်စု (၉) စု၊ ကြခတ်ရပ်ကွက်၌ (၂၅-၄-၂၀၁၈) ရက်နေ့နှင့် (၂-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၇၉) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၅၈,၉၀၀ိ/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E. Mr. Andrew Patrick မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂါရဝပြုလာရောက်တွေ့ဆုံ
၃.၅.၂၀၁၈၊ နေပြည်တော် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးရုံး၏ မေခလာဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားအကူအညီများပေးလျက်ရှိပြီး ဆက်လက်ကူညီပေးသွားရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထားဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်းမှ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် … Read more
-
လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်းအဝေး
၃-၅-၂၀၁၈၊နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လူငယ်မူဝါဒထွက်ရှိပြီး မဟာဗျူဟာရေးဆွဲဆောင် ရွက်နေပြီဖြစ်၍အတိုင်းအတာတစ်ခုထိ ပြီးမြောက်နေပြီဖြစ်သဖြင့် လူငယ်များအားလုံးမှ စည်းလုံး ညီညွတ်စွာ အတူလက်တွဲပူးပေါင်းဆောင်ရွက်ရန်လိုပါအပ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီး၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲလုပ်ငန်းစဉ်များတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ လူငယ်များဘက်မှ မတူညီကွဲပြားခြားနားမှုများ၊ ပညာအရည်အချင်း၊ ပတ်ဝန်းကျင်ဒေသအခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟချက်များစွာရှိနိုင်ပါကြောင်း၊ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက် တောရပ်ကွက် ၊ သာစီကုန်းအုပ်စုတွင် (၂၇.၄.၂၀၁၈) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန် နေအိမ်(၁၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၂၀၀၀)ကျပ် ၊ ပြိုလဲနေအိမ် (၁)လုံးအတွက် ထောက်ပံံ့ငွေ (၁၀၀၀၀၀/-)ကျပ် ၊ လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးငွေ (၆၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပလပ်စတစ်ပုံး အပါ (၁)ပုံးနှင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀၈၃၀၀/-)ကျပ်အားလည်းကောင်း၊ ကျေးရွာအုပ်စု (၅)စု ကျေးရွာ (၆)ရွာတွင် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၅.၂၀၁၈)ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးကျေးရွာအုပ်စု၊ ကျေးစာဥကျေးရွာ၌ (၁၃း၃၀)နာရီချိန်မှ (၁၄း၃၀)ချိန်ထိ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၅၀)ဦးရေခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းနှင့် ပေါင်မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #npw_ar #mgy_may2018
-
ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၂၃၄) ခြေမြန်တပ်ရင်းတွင် နေထိုင်သော ဟိန္ဒူမိသားစု (၁၁) စု၊ လူဦးရေ (၂၄) ဦးအတွက် စားနပ်ရိက္ခာ (၁) လစာ ဆန် (၇) အိတ်၊ (၁၂) ပြည်၊ ဆီ (၁၉) ပိဿာ၊ ပဲ (၃၆) ပိဿာ၊ ဆား (၁.၈) ပိဿာတို့အား (၃-၅-၂၀၁၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် ဘူသီးတောင်မြို့နယ် ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ခဲတောက်ကျေးရွာ၊ ချောင်းဖျားပိုင်း၌ (၁-၅-၂၀၁၈) ရက်နေ့ (၂၂း၃၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၃၀၀ိ/-) ကျပ်တို့အား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃-၅-၂၀၁၈) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာ၌ (၀၉း၃၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝ ဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ပေါင်မုန့်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_mar 2018
-
ထောက်ပံ့မှုသတင်း
(၂-၅-၂၀၁၈) ရက်နေ့၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ရေခူးမံခံကျေးရွာရှိ တန်ဖိုးနည်းအိမ်ရာသို့ IDPs စခန်းများ မှ ပြောင်းရွှေ့ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၂၁၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄၈) အိမ်ထောင်စာ၊ Relief Kit (၄၈) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၄၄၅,၂၀၀ိ/-) ကျပ်တို့အား ပြည်နယ် လူမှုရေးဝန်ကြီး ခရီးစဉ်တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ လိုက်ပါ၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr … Read more
-
ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာတွင် အမိုးတစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံး အတွက်(၁၀,၀၀၀) အားလည်းကောင်း၊ မရမ်းခုံကျေးရွာတွင် အမိုးလန်နေအိမ် (၁)လုံးအတွက် (၅၀,၀၀၀)၊ တစ်စိတ်တစ်ပိုင်းလန်နေအိမ် (၁)လုံးအတွက် (၂၀,၀၀၀) အားလည်းကောင်း၊ ညောင်ပင်ဝိုင်းကျေးရွာ မြန်မာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း သွပ်အမိုးလန်ခြင်းအတွက် (၃၀,၀၀၀) နှင့် ဘေးသင့်လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၁)ဦးလျှင် (၂,၁၀၀) နှုန်းဖြင့် (၁၈,၉၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂၈,၉၀၀)တို့အပြင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃)အိမ်ထောင်စာတို့အား (၂-၅-၂၀၁၈)နေ့(၁၅:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more









