လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်းအဝေး

၃-၅-၂၀၁၈၊နေပြည်တော်
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တက်ရောက်အမှာစကား‌ပြောကြားခဲ့ပါသည်။
အစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လူငယ်မူဝါဒထွက်ရှိပြီး မဟာဗျူဟာရေးဆွဲဆောင် ရွက်နေပြီဖြစ်၍အတိုင်းအတာတစ်ခုထိ ပြီး‌မြောက်နေပြီဖြစ်သဖြင်‌့ လူငယ်များအားလုံးမှ စည်းလုံး ညီညွတ်စွာ အတူလက်တွဲပူးပေါင်းဆောင်ရွက်ရန်လိုပါအပ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီး၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲလုပ်ငန်းစဉ်များတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ လူငယ်များဘက်မှ မတူညီကွဲပြားခြားနားမှုများ၊ ပညာအရည်အချင်း၊ ပတ်ဝန်းကျင်ဒေသအခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟချက်များစွာရှိနိုင်ပါကြောင်း၊ အဆိုပါမတူကွဲပြားခြားနားချက်များကို အတတ်နိုင်ဆုံး ညှိနှိုင်းပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲပြီး လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်များတန်းတူညီမျှအခွင့်အရေးများ ခံစားရရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင်ပါဝင်သည့်တရားဥပဒေ စိုးမိုးရေးနှင့်ပြည်သူများရဲ့လူမှုစီးပွား ဘဝတိုးတက်မြင့်မားရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက်အခြေခံအုတ်မြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့အချက်များကိုအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့် လူငယ်များတက်ကြွစွာပါဝင်ဆောင် ရွက်နိုင်မည့်အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်သွားရန်နှင့် လူငယ်များတက်ကြွစွာပါဝင်လိုအပ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင်‌့ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီးလူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးအတွက်ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may 2018

Sign Up

Upcoming Events