လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

3_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက် တောရပ်ကွက် ၊ သာစီကုန်းအုပ်စုတွင် (၂၇.၄.၂၀၁၈) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အမိုးလန် နေအိမ်(၁၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၂၀၀၀)ကျပ် ၊ ပြိုလဲနေအိမ် (၁)လုံးအတွက် ထောက်ပံံ့ငွေ (၁၀၀၀၀၀/-)ကျပ် ၊ လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးငွေ (၆၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးပလပ်စတစ်ပုံး အပါ (၁)ပုံးနှင့် စုစုပေါင်းထောက်ပံ့ငွေ (၈၀၈၃၀၀/-)ကျပ်အားလည်းကောင်း၊ ကျေးရွာအုပ်စု (၅)စု ကျေးရွာ (၆)ရွာတွင် (၂၉.၄.၂၀၁၈)ရက်နေ့ လေဘေးသင့် အမိုးလန်နေအိမ် (၃၁)လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် ထောက်ပံ့ငွေ (၁၁၁၆၆၀၀/-)ကျပ်အားလည်းကောင်း၊ သောင်ပြင်ကုန်းအုပ်စု ကန့်လန့်ကုန်းကျေးရွာတွင် (၃၀.၄.၂၀၁၈)ရက်နေ့ ကမ်းပြိုကြိုရွှေ့နေအိမ် (၁၉)လုံး အတွက် ထောက်ပံ့ငွေ (၁၉၀၀၀၀၀/-)ကျပ်အားလည်းကောင်း (၃.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_apr2018

Sign Up

Upcoming Events