၃.၅.၂၀၁၈၊ နေပြည်တော်
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးရုံး၏ မေခလာဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားအကူအညီများပေးလျက်ရှိပြီး ဆက်လက်ကူညီပေးသွားရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထားဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်းမှ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် ရည်ရွယ်ချက်(၃)ရပ်တို့အား ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ အနာဂတ်တွင် ဗြိတိန်နိုင်ငံနှင့် ပိုမိုလက်တွဲ၍ ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may 2018