Category Archives: News
-
ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် စက်ရေတွင်းသစ် တူးဖော်လှူဒါန်းမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅ – ၅ -၂၀၁၈) ရက်နေ့တွင် ပေါက်မြိ့ုနယ် ကိုင်းလယ်ကျေးရွာတွင် ဝန်ကြီးဌာန၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်းသစ်ဖွင့်ပွဲ၌ စက်ရေတွင်းသစ်တူးဖော်လှူဒါန်းရခြင်းကိုရှင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းဝင်း၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ စက်ရေတွင်းအသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ရေအနက်ပေ (၇၅၀) တွင် ရေချိုထွက်ရှိသဖြင့် အိမ်ထောင်စ ု(၂၄၀) စု၊ လူဦးရေ (၁၂၀၀) ဦးတို့အတွက် သောက်သုံးရေဖူလုံစေခြင်းကြောင့် ကျေးရွာနေပြည်သူတို့မှာ ကျေးဇူးတင်ဝမ်း သာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg#mgy_ may2018
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား American Refugee Committee (ARC) in South East Asia အဖွဲ့မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား American Refugee Committee (ARC) in South East Asia မှ Regional Director ဖြစ်သူ Ms.Fifi Sabang ဦးဆောင် သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် American Refugee Committee (ARC) in South East Asia အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘုန်းကြီးကုန်ကျေးရွာအုပ်စု ကန်သာယာကျေးရွာ၌ (၃ – ၅ -၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန်သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၄ – ၅ -၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)#ha_tls#ayy_ may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) စုမှ ကျေးရွာခွဲ (၇၆) ရွာ၌ (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄၂) လုံး၊ အမိုးလန်နေအိမ် (၂၇၈) လုံး၊ လူဦးရေ (၁၃၀၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂,၇၃၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၇၈) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၄၂) အိမ်ထောင်စုစာ တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်အား (၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_may2018
-
ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #kcn_may2018
-
နာဂစ် (၁၀) နှစ်ပြည့်အမှတ်တရအထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း အခမ်း အနားကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ တွင် ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာရှိ school cum shelter တွင် ဖျာပုံမြို့နယ် ထွေအုပ်မှတာဝန်ရှိသူများ၊ မြိုနယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ world vision၊actionaid အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်လူမှုအဖွဲ့အစည်းများ၊ ကျေးရွာသူ/ရွာသားများ စုစုပေါင်း(၂၀၀) ဦးခန့်နှင့်အတူ နာဂစ်(၁၀) နှစ်ပြည့်အမှတ်တရ အထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနား ကျင်းပခဲ့ပါသည်။ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ပေးခြင်းအားဖြင့် ကျေးရွာသူ/ရွာသားများသည် မုန်တိုင်းနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ပါကဆောင်ရန်/ရှောင်ရန်အချက်များသိရှိခြင်း၊ ခိုလှုံရာစခန်းများသို့သွားရာ ပြေးလမ်း ကြောင်းများကို မည်သို့သွားရမည်ကိုသိရှိခြင်း၊ မုန်တိုင်းအရောင်အလိုက် လုပ်ဆောင်ရမည့်အဆင့်များ … Read more
-
လေဘေးနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်မြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာအုပ်စု၊ လမုတန်းကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သောပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်နှင့် ဝါးခယ်မမြို့နယ်၊ သီလချောင်းကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာ၌ … Read more
-
ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်ရှိ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ်(၈,၄၀၀)၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၈,၄၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာတို့အား (၃-၅-၂၀၁၈)ရက်နေ့ (၁၅:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ပန်းပင်စုကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၄-၅-၂၀၁၈) ရက်နေ့ (၀၈း၄၀) နာရီအချန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may 2018









