ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ တွင် ဖျာပုံမြို့နယ်၊ မှော်ဘီကျေးရွာရှိ school cum shelter တွင် ဖျာပုံမြို့နယ် ထွေအုပ်မှတာဝန်ရှိသူများ၊ မြိုနယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ world vision၊actionaid အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ်လူမှုအဖွဲ့အစည်းများ၊ ကျေးရွာသူ/ရွာသားများ စုစုပေါင်း(၂၀၀) ဦးခန့်နှင့်အတူ နာဂစ်(၁၀) နှစ်ပြည့်အမှတ်တရ အထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနား ကျင်းပခဲ့ပါသည်။ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ပေးခြင်းအားဖြင့် ကျေးရွာသူ/ရွာသားများသည် မုန်တိုင်းနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့ပါကဆောင်ရန်/ရှောင်ရန်အချက်များသိရှိခြင်း၊ ခိုလှုံရာစခန်းများသို့သွားရာ ပြေးလမ်း ကြောင်းများကို မည်သို့သွားရမည်ကိုသိရှိခြင်း၊ မုန်တိုင်းအရောင်အလိုက် လုပ်ဆောင်ရမည့်အဆင့်များ သိရှိခြင်း၊ ကျေးရွာသဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များမှ အဖွဲ့လိုက် တာဝန်ယူလုပ် ဆောင်ရမည့်အပိုင်းများသိရှိခြင်း စသည့်မုန်တိုင်းဘေးနှင့်ပတ်သက်၍ လက်တွေ့ကျကျ လုပ်ဆောင်ခြင်း ကြောင့်အသိပညာဗဟုသုတများစွာရရှိပြီး ရင်ဆိုင်တုန့်ုပြန်နိုင်သည့် စွမ်းအားများ တိုးတက်မြင့်မားလာမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#simex
#ayy_may 2018