Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ဗောဓိမြိုင်ကျေးရွာနှင့် ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄) တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅၀) ဦးအတွက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၂၃း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲ (၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၃,၁၀၀ိ/-)ကျပ်တို့အား (၁၃-၅-၂၀၁၈) … Read more
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ပျဉ်ဘိုးကြီးကျေးရွာရှိ School cum shelter တွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘိုကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခင်ဗိုလ်တက်ရောက်ခဲ့ပြီး မုန်တိုင်းအကြောင်းနှင့်ပတ်သက်၍သိမှတ်စရာများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများ အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီဥက္ကဌ၊ ဘေးစီမံခရိုင်ဦးစီးမှူးတို့မ ှအမှာစကားအသီးသီး ပြော ကြားခဲ့ကြပါသည်။ ထို့နောက်ကြက်ခြေနီအဖွဲ့မှ ရှေးဦးသူနာပြုစုခြင်းများလက်တွေ့သရုပ်ပြခဲ့ကြပါသည်။ ပျဉ်ဘိုးကြီးကျေးရွာသည်နာဂစ်ကာလတွင် ထိခိုက်မှုများသောကျေးရွာဖြစ်ခဲ့သည့်အတွက် ယင်းသို့ပြုလုပ်ခြင်းအားဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရည်များမြင့်မားလာပြီး အဆင်ဆင့်အလိုက်လုပ်ဆောင်ချက်များသိရှိလာကြခြင်း၊ ကျေးရွာသဘာဝဘေးအန္တရာယ်ကာကွယ်စီမံခန့်ခွဲမှုအဖွဲ့များမှ လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်ရမည့်အပိုင်းများသိရှိနားလည်ခြင်း စသည့်အကျိုးကျေးဇူးများရရှိကာ ကျေးရွာအတွက်များစွာ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၆) ရပ်ကွက်၊ ရေအိုးစဉ် အုပ်စု၊ရွှေပြည်သာအုပ်စု၊ အေးချမ်းသာအုပ်စု၊ ရှမ်းအုပ်စု၊ ညိုပင်အုပ်စု၊ ပြောင်ခေါင်းကြီးအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း (၈) ရွာနှင့် ရပ်ကွက် (၂) ခုတို့၌ (၁၀-၅-၂၀၁၈) ရက်နေ့ (၂၃း၀၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ဒေါ်သန်းသန်းဌေးတိ့ုသည် (၁၃-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၀း၃၀)နာရီအထိ ပခုက္ကူမြို့နယ်၊ အ.ထ.က(၂)ကျောင်း၌ ဆရာ၊ ဆရာမများမွမ်းမံသင်တန်းတွင် ငလျင်ဘေးနှင့် ပက်သက် သည့်အသိပညာပေးဟောပြောပွဲများပါဝင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသူ (၂၃၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများဆွေးနွေးခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၈)ရက်နေ့တွင် စစ်တွေမြို့၊ ရွာကြီး မြောက်ရပ်ကွက်၊ ဓမ္မရောင်ခြည်ဘုန်းတော်ကြီးကျောင်းအတွက် GAZI ရေပုံး(၁)လုံး သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပြီး ရပ်ကွက်နေ ရွာသူ/သားများအား သောက်သုံးရေဖြန့်ဝေပေးခြင်းအား မီးသတ်ဦးစီးဌာနနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #rke_may2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လျင်မြန်တုန့်ပြန် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပမှုသတင်း
(၁၄-၅-၂၀၁၈)ရက် (၁၀း၃၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးကျော်စွာထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးဦးကျော်မင်းနှင့် အစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး မင်းစိုးနိုင်တို့သည် UNOCHA,UNHCR,IOM အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လျင်မြန်တုန့်ပြန် ဆောင်ရွက်နိုင်ရေးလုပ်ငန်းကိစ္စရပ်များအား ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးမြို့အထက(၁)၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန် ၌မကွေးမြို့၊ အထက(၁)၌ ဒုတိယတန်းသင်ရိုးသစ်(Grade-2)နည်းပြသင်တန်းမှ ဆရာ၊ ဆရာမအင်အား(၂၄၅)ဦးအား သဘာဝဘေးစီမံခန့်ခွဲ မှုလုပ်ငန်းများ၊ ငလျင်အကြောင်း သိကောင်းစရာများဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #mgy_may2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေနှင့် ဒုတိယဦးစီးမှူး၊ဒေါ်စန္ဒာရွှေတို့နှင့် မိုင်းတုံမြို့နယ်၊ ထွေ/အုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၁၄.၅.၂၀၁၈)ရက်နေ့တွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ကျင်းပခဲ့ရာ မိုင်းတုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များအပါအဝင် စုစုပေါင်းသင်တန်းတက်ရောက်သူ (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၄.၅.၂၀၁၈)ရက်နေ့မှ (၁၅.၅.၂၀၁၈)ရက်နေ့ထိ(၂)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာ၌ (၁၀-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၁း၁၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခဲ့မှုကြောင့် သစ်ပင်ပိ ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်အား (၁၀-၅-၂၀၁၈) ရက်နေ့ (၁ရး၃၀) နာရီ အချိန်တွင် နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha-sgw #npw_may2018









