
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ကော်မတီအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ပျဉ်ဘိုးကြီးကျေးရွာရှိ School cum shelter တွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဘိုကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခင်ဗိုလ်တက်ရောက်ခဲ့ပြီး မုန်တိုင်းအကြောင်းနှင့်ပတ်သက်၍သိမှတ်စရာများ၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများ အဆင့်ဆင့်လုပ်ဆောင်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီဥက္ကဌ၊ ဘေးစီမံခရိုင်ဦးစီးမှူးတို့မ ှအမှာစကားအသီးသီး ပြော ကြားခဲ့ကြပါသည်။ ထို့နောက်ကြက်ခြေနီအဖွဲ့မှ ရှေးဦးသူနာပြုစုခြင်းများလက်တွေ့သရုပ်ပြခဲ့ကြပါသည်။ ပျဉ်ဘိုးကြီးကျေးရွာသည်နာဂစ်ကာလတွင် ထိခိုက်မှုများသောကျေးရွာဖြစ်ခဲ့သည့်အတွက် ယင်းသို့ပြုလုပ်ခြင်းအားဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရည်များမြင့်မားလာပြီး အဆင်ဆင့်အလိုက်လုပ်ဆောင်ချက်များသိရှိလာကြခြင်း၊ ကျေးရွာသဘာဝဘေးအန္တရာယ်ကာကွယ်စီမံခန့်ခွဲမှုအဖွဲ့များမှ လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်ရမည့်အပိုင်းများသိရှိနားလည်ခြင်း စသည့်အကျိုးကျေးဇူးများရရှိကာ ကျေးရွာအတွက်များစွာ အကျိုး ကျေးဇူးရှိလှပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းသို့တက်ရောက်လှုပ်ရှားပါဝင်သူ စုစုပေါင်း (၄၀၀)ဦးရှိခဲ့ကြောင်း သတင်းရရှိပါသည်။
#simex_str
#ayy_may2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)