
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ဒေါ်သန်းသန်းဌေးတိ့ုသည် (၁၃-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၀း၃၀)နာရီအထိ ပခုက္ကူမြို့နယ်၊ အ.ထ.က(၂)ကျောင်း၌ ဆရာ၊ ဆရာမများမွမ်းမံသင်တန်းတွင် ငလျင်ဘေးနှင့် ပက်သက် သည့်အသိပညာပေးဟောပြောပွဲများပါဝင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသူ (၂၃၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများဆွေးနွေးခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_may2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)