
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေနှင့် ဒုတိယဦးစီးမှူး၊ဒေါ်စန္ဒာရွှေတို့နှင့် မိုင်းတုံမြို့နယ်၊ ထွေ/အုပ်ရုံးမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ (၁၄.၅.၂၀၁၈)ရက်နေ့တွင် မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ဖွင့်လှစ်ကျင်းပခဲ့ရာ မိုင်းတုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များအပါအဝင် စုစုပေါင်းသင်တန်းတက်ရောက်သူ (၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၄.၅.၂၀၁၈)ရက်နေ့မှ (၁၅.၅.၂၀၁၈)ရက်နေ့ထိ(၂)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)