ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ဗောဓိမြိုင်ကျေးရွာနှင့် ရေဆင်းကျေးရွာအုပ်စု၊ နယ်မြေ (၄) တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅,၀၀၀ိ/-) ကျပ်တို့အား (၁၃-၅-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha-sgw
#npw_may2018