
(၁၄-၅-၂၀၁၈)ရက် (၁၀း၃၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးကျော်စွာထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူးဦးကျော်မင်းနှင့် အစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး မင်းစိုးနိုင်တို့သည် UNOCHA,UNHCR,IOM အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လျင်မြန်တုန့်ပြန် ဆောင်ရွက်နိုင်ရေးလုပ်ငန်းကိစ္စရပ်များအား ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#otr
#rke_may2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)