Category Archives: News
-
ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများတွင် ပူးပေါင်းတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၁၁) ဦးအတွက် (၁) ဦးလျှင် (၁) လ၊ ဆန် (၆) ပြည်နှုန်းဖြင့် (၆) လစာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၇၂၉၅၀၀ိ/-) ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးထံသို့ ရခိုင်ပြည်နယ်မှူး (ဘစမ) မှ သွားရောက်လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_may2018
-
ဂရုဏာကြေးပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၈) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် ထိုင်းနိုင်ငံသို့အလုပ်လုပ်ရန်သွားရောက်သည့် အလုပ်သမား (၅၁) ဦးစီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တိမ်းမှောက်သဖြင့် သေဆုံးခဲ့သည့်အလုပ်သမား (၆) ဦး ၊ ဒဏ်ရာရအလုပ်သမား (၁၂)ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင်(၃၀၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၆) ဦးအတွက် (၁၈) သိန်းနှင့် ဒဏ်ရာရ (၁၂) ဦးတို့အတွက် တစ်ဦးလျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၆) သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄) သိန်းကျပ်တိတိအား (၁၂-၅-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သွားရောက်ပေးအပ်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာအုပ်စု၊ ဝဘော်ကြီးကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂၆) အိမ်ထောင်စာအား (၁၃-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် မြေပုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ ဘေးသင့် အိမ်ခြေ (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၉၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၀၃) … Read more
-
နွားထိုးကြီးမြို့နယ် လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၁၈)ရက်နေ့ လေပြင်းဘေး ဖြစ်ပွားသော နွားထိုးကြီးမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၀)အိမ်ထောင်စုစာ၊ (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၂၀၅၀၆၀၀/-)ကျပ်၊ မြင်းခြံမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂၈) အိမ်ထောင်စု၊ (၁၆)မျိုး(၄)အိမ်ထောင်စုစာ အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး(၁၇၆၅၂၀၀/-)ကျပ်တိတိ၊ တောင်သာမြို့နယ် လေဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၃၃၀၀၀/-)ကျပ်တို့အား (၁၄.၅.၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2018 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငါန်းဇွန်မြို့နယ်လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါန်းဇွန်မြို့နယ်အတွင်း (၁၁-၅-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁၂)လုံး၊ တစိတ်တပိုင်းပျက်စီး(၁၈၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ကျပ်ငွေ(၁၂၁၄၆၈၀၀ိ/-)တိတိ အား (၁၄.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ #ha_sgw #mdy_may2018 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စု၊ မှန် (ရွာသစ်/ရွာမ) ကျေးရွာနှင့် မင်းတပ်ကျေးရွာအုပ်စု၊ မင်းတပ်ကျေးရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့နှင့် (၁၃-၅-၂၀၁၈) ရက်နေ့တို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ခဲ့သော အမိုးလန် အိမ်ခြေ (၅၄) လုံး၊ အိမ်ထောင်စု (၅၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၆၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၈၉) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၃၉၆,၉၀၀ိ/-) … Read more
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်၌ တိုက်ခတ်ခဲ့ သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ဒလ မြို့နယ်၊ သပြေကုန်းကျေးရွာမှ နေအိမ် (၁၀)လုံး၊ တပင်ရွှေထီးရပ်ကွက် မှနေအိမ် (၈)လုံး၊ ဘုရင့်နောင်ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရာဇသင်္ကြန်ရပ်ကွက်မှနေအိမ်(၇)လုံး စုစုပေါင်း နေအိမ်(၂၆)လုံးမှာ အလုံးလိုက် ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၀၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၂၄,၇၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၅၀,၀၀၀ိ/-)ကျပ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၇) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အမိုးလန်ပျက်စီးနေအိမ် (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ စုစုပေါင်း (၅၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more
-
မကွေးမြို့နယ်တွင် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ပိုင်း) အောင်ချမ်းသာကွက်သစ်ရပ်ကွက်တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ(၂၀၀)လုံး၊ အိမ်ထောင်စု(၂၂၀)စု၊ လူဦးရေ (၁၀၅၀)ဦးတို့အတွက် ရေဂါလံ (၈၀၀၀)အား (၁၅.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









