ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_01

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်၌ တိုက်ခတ်ခဲ့ သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ဒလ မြို့နယ်၊ သပြေကုန်းကျေးရွာမှ နေအိမ် (၁၀)လုံး၊ တပင်ရွှေထီးရပ်ကွက် မှနေအိမ် (၈)လုံး၊ ဘုရင့်နောင်ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရာဇသင်္ကြန်ရပ်ကွက်မှနေအိမ်(၇)လုံး စုစုပေါင်း နေအိမ်(၂၆)လုံးမှာ အလုံးလိုက် ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၀၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၂၄,၇၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၅၀,၀၀၀ိ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂,၂၇၄,၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၆) အိမ်ထောင်စာတို့အား (၁၄-၅-၂၀၁၈)ရက်နေ့ ၊ နေ့လည်(၁၄း၀၀)နာရီချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ygn_may2018
Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events