
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၈) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် ထိုင်းနိုင်ငံသို့အလုပ်လုပ်ရန်သွားရောက်သည့် အလုပ်သမား (၅၁) ဦးစီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တိမ်းမှောက်သဖြင့် သေဆုံးခဲ့သည့်အလုပ်သမား (၆) ဦး ၊ ဒဏ်ရာရအလုပ်သမား (၁၂)ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင်(၃၀၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၆) ဦးအတွက် (၁၈) သိန်းနှင့် ဒဏ်ရာရ (၁၂) ဦးတို့အတွက် တစ်ဦးလျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၆) သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄) သိန်းကျပ်တိတိအား (၁၂-၅-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် သွားရောက်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
#otr
#ygn_may2018