ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ဝဘော်ကြီးကျေးရွာအုပ်စု၊ ဝဘော်ကြီးကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂၆) အိမ်ထောင်စာအား (၁၃-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် မြေပုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ ဘေးသင့် အိမ်ခြေ (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၉၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၀၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၆,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၁၁၆,၃၀၀ိ/-) ကျပ်တို့အား (၁၄-၅-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#rke_may2018