လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စု၊ မှန် (ရွာသစ်/ရွာမ) ကျေးရွာနှင့် မင်းတပ်ကျေးရွာအုပ်စု၊ မင်းတပ်ကျေးရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့နှင့် (၁၃-၅-၂၀၁၈) ရက်နေ့တို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ခဲ့သော အမိုးလန် အိမ်ခြေ (၅၄) လုံး၊ အိမ်ထောင်စု (၅၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၆၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၁၈၉) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၃၉၆,၉၀၀ိ/-) ကျပ်တို့အား (၁၄-၅-၂၀၁၈) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events