ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၁၈)ရက်နေ့ လေပြင်းဘေး ဖြစ်ပွားသော နွားထိုးကြီးမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၀)အိမ်ထောင်စုစာ၊ (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၂၀၅၀၆၀၀/-)ကျပ်၊ မြင်းခြံမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂၈) အိမ်ထောင်စု၊ (၁၆)မျိုး(၄)အိမ်ထောင်စုစာ အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး(၁၇၆၅၂၀၀/-)ကျပ်တိတိ၊ တောင်သာမြို့နယ် လေဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၃၃၀၀၀/-)ကျပ်တို့အား (၁၄.၅.၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2018
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)