Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာ၊ ဘွဲ့ငူကျေးရွာ၊ ငပိဆိပ်ကျေးရွာ၊ ဒွာရစုကျေးရွာနှင့် ငါးသိုင်းချောင်းမြို့၊ သောင်ရွာကျေးရွာ၊ ကွင်းလျားကျေးရွာ၊ သောင်စုကျေးရွာတို့၌ (၁၄.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ပြိုကျနေအိမ်(၁၈)လုံး၊ အမိုးလန်နေအိမ် (၅၅)လုံး၊ အိမ်ထောင်စု (၇၃)စုမှ လူဦးရေ(၂၉၄)ဦးအတွက် Family kits (၂၆) မျိုးပါ (၁၈)ပုံး (၁၅၈၄၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅၅)ပုံး (၁၀၁၈၀၅၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ … Read more
-
ဘက်စုံဘေးကင်းလုံခြုံသောစာသင်ကျောင်းနှင့် သဘာဝဘေးလျော့ပါးရေးမွမ်းမံသင်တန်း ကျင်းပပြုလုပ်မှုသတင်း
(၁၅-၅-၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရာမညဟိုတယ်၌ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆွစ်ဖွံ့ဖြိုး ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း၍ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းနှင့် သဘာဝဘေးလျော့ပါးရေးမွမ်းမံ သင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမစုစုပေါင်း (၄၇)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၁၅-၅-၂၀၁၈)ရက်နေ့မှ (၁၆-၅-၂၀၁၈)ရက်နေ့ အထိဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
(၁၆-၅-၂၀၁၈)ရက်နေ့(၀၉း၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် IOM အဖွဲ့အစည်းတို့ပူး ပေါင်း၍ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာကိုယ်စား ပြည်နယ်စီးပွားရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ်ဦးစီးမှူး(ဘစမ)မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင် (၃၀)ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ (၁၆-၅-၂၀၁၈)ရက်မှ(၁၇-၅-၂၀၁၈)ရက်ထိ (၂)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၁၈) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (Grade-2) သင်တန်းတက်ရောက်လျက်ရှိသော ဆရာ/ဆရာမ (၃၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်း၊ နံရံ ကပ်ပိုစတာများပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းကျေးရွာနှင့် သိန္ဒောကျေးရွာအုပ်စု သိန္ဒောကျေးရွာ လေဘေး သင့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးအား (၁၅.၅.၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_may2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေနံချောင်းမြို့နယ်ကမ်းပြိုဘေးနှင့်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာ (၂) ရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၁၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၅၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၁၃,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၁၃,၄၀၀ိ/-) ကျပ်အားလည်းကောင်း၊ ဆက်လက်၍ ရေနံချောင်းမြို့နယ်၊ ကျေးရွာ (၂) ရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် … Read more
-
စလင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ကျေးရွာ (၂၈) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော ပြိုကျနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၁၈၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၇၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၈၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၇၈၂၉၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၅၁၂,၉၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၃) အိမ်ထောင်စာ … Read more
-
လေဘေးနှင့်ကမ်းပြိုကြိုရွှေ့အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ တရုတ်မှော်အုပ်စု၊ လမိုင်းအုပ်စု၊ ကျေးရွာ (၄) ရွာ၌ (၈-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၇) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၈၇,၆၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်၊ … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စုမှ ကျေးရွာခွဲ (၁၀)ရွာ၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၉) လုံး၊ အမိုးလန် (၈၁)လုံး၊ စုစုပေါင်း (၉၀)လုံးအတွက် (၁,၈၃၅,၄၈ရိ/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈၁)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၉) အိမ်ထောင်စာတို့အား အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ (၁၄-၅-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ (ကနဦး) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source: … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ် အတွင်းရှိ ဆင်ကုန်းရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ ကောင်းစင့်ကျေးရွာ၊ ကံသာကျေးရွာနှင့် ခိုကျင်းကျေးရွာ တို့တွင် (၉-၅-၂၀၁၈) ရက်နေ့၊ ည (၀၉း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော လုံးဝပျက်စီးနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၄) အိမ်ထောင်စာ၊ နေအိမ် (၁၈) … Read more









