လေဘေးထောက်ပံ့မှုသတင်း

15 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ် အတွင်းရှိ ဆင်ကုန်းရပ်ကွက်၊ အလယ်ရပ် ရပ်ကွက်၊ ကောင်းစင့်ကျေးရွာ၊ ကံသာကျေးရွာနှင့် ခိုကျင်းကျေးရွာ တို့တွင် (၉-၅-၂၀၁၈) ရက်နေ့၊ ည (၀၉း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော လုံးဝပျက်စီးနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၄) အိမ်ထောင်စာ၊ နေအိမ် (၁၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈) သိန်းကျပ်နှင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီး ဘာသာ ရေးအဆောက်အဦ (၂) လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၅၉,၆၀၀ိ/-)ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#kcn_may2018

Sign Up

Upcoming Events