ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

16_Pic_02
(၁၆-၅-၂၀၁၈)ရက်နေ့(၀၉း၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် IOM အဖွဲ့အစည်းတို့ပူး ပေါင်း၍ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာကိုယ်စား ပြည်နယ်စီးပွားရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ်ဦးစီးမှူး(ဘစမ)မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင် (၃၀)ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ (၁၆-၅-၂၀၁၈)ရက်မှ(၁၇-၅-၂၀၁၈)ရက်ထိ (၂)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#otr
#rke_may2018
Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events