
(၁၅-၅-၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရာမညဟိုတယ်၌ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆွစ်ဖွံ့ဖြိုး ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း၍ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းနှင့် သဘာဝဘေးလျော့ပါးရေးမွမ်းမံ သင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမစုစုပေါင်း (၄၇)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၁၅-၅-၂၀၁၈)ရက်နေ့မှ (၁၆-၅-၂၀၁၈)ရက်နေ့ အထိဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#mon_may2018
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)