လေဘေးနှင့်ကမ်းပြိုကြိုရွှေ့အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ တရုတ်မှော်အုပ်စု၊ လမိုင်းအုပ်စု၊ ကျေးရွာ (၄) ရွာ၌ (၈-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၇) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၈၇,၆၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၃,၉၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ရွှေတောင်မြို့နယ်၊ သောင်ပြင် ကုန်း အုပ်စု၊ ကုန့်လန့်ကုန်းကျေးရွာ၌ (၄-၅-၂၀၁၈) ရက်နေ့နှင့် (၇-၅-၂၀၁၈) ရက်နေ့တို့တွင် ကမ်းပြိုကြိုရွှေ့ နေအိမ် (၁၀) လုံးအတွက် ထောက်ပံ့ငွေ (၁,၀၀၀,၀၀၀ိ/-)ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_rbe
#bgo_may2018

Sign Up

Upcoming Events