စလင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ကျေးရွာ (၂၈) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော ပြိုကျနေအိမ် (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၁၈၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၇၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၈၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၇၈၂၉၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆,၅၁၂,၉၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁၃) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၈၉) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events