Category Archives: News
-
ငလျင်ဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှု/ကယ်ဆယ်ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈)ရက် နေ့ ညနေပိုင်းတွင် အထက(၈)တောင်ကြီးမြို့၌ ပညာရေးမွမ်းမံသင်တန်းတက်ရောက်နေသော အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမ စုစု ပေါင်း (၄၂၀)ဦးအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #shn_may2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၈-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ဥတ္တရ သီရိမြို့နယ်၊ အ.ထ.က (၁၂) ၌ မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၃၂၅) ဦး အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခြင်းအား လက်တွေ့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_may2018
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ရှယ်လ်တာပြေးလမ်းကြောင်းများပြင်ဆင်မှုပြုလုပ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈)ရက်နေ့တွင် ဖျာပုံခရိုင်အတွင်းရှိ ရှယ်လ်တာပြေးလမ်းကြောင်းများပြင်ဆင်မှုပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံညှိနှိုင်းတိုင်းထွာတွက်ချက်မှုများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) မှ (၁၀း၃၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာမ စုစုပေါင်း (၂၀၀) ဦးတို့ အား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်စေခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈)ရက်နေ့ (၂၂း၀၀)အချိန်၌ သံတောင်ကြီးမြို့နယ်၊ စီပင်ကလေးကျေးရွာအုပ်စု၊ မိုင်(၂၀)ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၇၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၆၃၀၀ိ/-)ကျပ် စုစုပေါင်း(၇၆၃၀၀ိ/-)ကျပ်တို့အား သံတောင်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_may2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၈)ရက်နေ့ (၂၂း၃၀)အချိန်၌ သံတောင်ကြီးမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၁၀၀၀၀၀ိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) ကျပ်တို့အား သံတောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ (၁၇-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_apr2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စုတို့၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲအိမ်ခြေ (၂၆) လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၉) မျိုး၊ (၂၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၁၁) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ(၂၃၃,၁၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်း/အမိုးလန်နေအိမ် (၁၅၁) လုံးတို့အတွက် (၃၀,၀၀၀/-) ကျပ် နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၅၃၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၃၆၃,၁၀၀ိ/-) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၈)ရက်နေ့ (၁၃း၃၀)အချိန် တွင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာ၌ ကျေးရွာနေပြည်သူ (၅၂)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ဲပြီး နံရံ ကပ်ပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းကျေးရွာ၌ (၁၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် လေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၇၃၀၀/-)တို့အား (၁၇.၅. ၂၀၁၈) ရက်နေ့ (၁၀း၄၅)နာရီချိန်တွင်လည်းကောင်း၊ သိန္ဒောကျေးရွာအုပ်စု၊ သိန္ဒောကျေးရွာလေဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ကျပ်(၂၀၀၀၀၀/-)နှင့် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ဆန်ဘိုး(၇)ရက်စာကျပ်(၁၄၇၀၀/-)စုစုပေါင်း ထောက်ပံ့ငွေ (၄၄၂၀၀၀/-)ကျပ်တို့အားလည်းကောင်း (၁၇.၅.၂၀၁၈)ရက်နေ့ ညနေ့(၁၅း၃၀)နာရီချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_sgw … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စွန်ကုန်းကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၄) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၂၀,၀၀၀ိ/-)ကျပ်တို့အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_may2018









