
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) မှ (၁၀း၃၀) နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာမ စုစုပေါင်း (၂၀၀) ဦးတို့ အား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက် လေ့ကျင့်စေခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#ayy_may2018