
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စုတို့၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲအိမ်ခြေ (၂၆) လုံးအတွက် ထောက်ပံ့ရေးပစ္စည်း (၉) မျိုး၊ (၂၆) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၁၁) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ(၂၃၃,၁၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်း/အမိုးလန်နေအိမ် (၁၅၁) လုံးတို့အတွက် (၃၀,၀၀၀/-) ကျပ် နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၅၃၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၃၆၃,၁၀၀ိ/-) ကျပ်တို့ အား (၁၇-၅-၂၀၁၈)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ဆက်ဦးစီးမှူး၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ၊ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018