Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီထိ မိုင်းဖြတ်မြို့နယ်၊ Great 2 သင်တန်းရှိ ဆရာ၊ ဆရာမ (၂၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပြီး ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြို၍ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦး ဘေးသင့် ခဲ့ရာ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၀၀၀) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်တို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှုးရုံး မှတာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe#kcn_may2018Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန် တွင် မိုင်းဆတ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ခြေ (၇၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် (၁)သိန်းနှုန်းဖြင့် (၇၆)သိန်းအား (၁၉.၅.၂၀၁၈)ရက်နေ့ နံနက် နံနက် (၁၀း၀၀)နာရီတွင် ဘေးသင့််ပြည်သူလက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် အရာရှိ၊ အရာခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိုးညှင်းမြို့ပေါ်ရပ်ကွက် အသီးသီးမှ ပရဟိတ လူငယ်မောင်မယ် စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၅-၂၀၁၈)ရက်နေ့မှ (၂၁-၅-၂၀၁၈)ရက် ထိ (၃)ရက်တာကြာ မြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၇.၅. ၂၀၁၈ ) ရက်နေ့နှင့် (၁၈.၅.၂၀၁၈) ရက်နေ့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ်၊ သမ္ဘူလကျေးရွာနှင့် မဲဇလီကျေးရွာတို့တွင် နေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦး၊ ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၁) ဦးအတွက်ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၃၁၀၀) ကျပ်၊ နေအိမ် (၃) … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၈)နေ့ (၁ရး၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု သပြေစမ်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေဘေး၌ အမိုးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇×၂၁၀၀ိ/-)နှုန်းဖြင့်(၁၄၇၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၉၇၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁)အိမ်ထောင်စာအား (၁၉.၅.၂၀၁၈)နေ့(၁၅:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် သနပ်ပင်မြို့နယ်၊ မိုးခိုင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၃)လုံးနှင့် အမိုးလန်နေအိမ် (၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်တိတိအား (၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် ကဝမြို့နယ်၊ ထိတန်ကျေးရွာ၊ ခမွန်ကျေးရွာ မွေပွေးကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သံဒင်းကျေးရွာနှင့် ထဲနန်ကျေးရွာတို့၌ ဖြစ်ပွားသော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြိုလဲနေအိမ်(၁၃)လုံး အမိုးလန်နေအိမ်(၂၈)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ(၁၉၉၀၀၀၀/-)ကျပ်တိတိအား(၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရင်ခွင်မဲ့ကလေးငယ်များ စနစ်တကျ ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင်ဖွင့်လှစ်မှုသတင်း
၁၉-၅-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် ကျင်းပပြုလုပ်သော မွေးကင်းစကလေးဆောင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကဦးဆောင်၍ ရင်ခွင်မဲ့ကလေးငယ်များကို စနစ်တကျပြုစု စောင့်ရှောက် ရေးအတွက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ကလေးသူငယ် အခွင့်အရေး (၄) ရပ်ထဲမှ အရေးကြီးဆုံးဖြစ်သည့် ရှင်သန်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ကို လက်တွေ့အကောင်အထည်ဖော် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး၊ အထက်တန်းကျောင်း၌ ဒုတိယတန်းသင်ရိုး ညွှန်းတမ်းသစ် မွမ်းမံသင်တန်းတက်ရောက်နေကြသော ဆရာ၊ ဆရာမ (၁၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ခဲ့ပြီး လက်တွေ့လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









