ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

20_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၈)နေ့ (၁ရး၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု သပြေစမ်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေဘေး၌ အမိုးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇×၂၁၀၀ိ/-)နှုန်းဖြင့်(၁၄၇၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၉၇၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁)အိမ်ထောင်စာအား (၁၉.၅.၂၀၁၈)နေ့(၁၅:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#npw_may2018
Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events