
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် အရာရှိ၊ အရာခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိုးညှင်းမြို့ပေါ်ရပ်ကွက် အသီးသီးမှ ပရဟိတ လူငယ်မောင်မယ် စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၅-၂၀၁၈)ရက်နေ့မှ (၂၁-၅-၂၀၁၈)ရက် ထိ (၃)ရက်တာကြာ မြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)