
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး၊ အထက်တန်းကျောင်း၌ ဒုတိယတန်းသင်ရိုး ညွှန်းတမ်းသစ် မွမ်းမံသင်တန်းတက်ရောက်နေကြသော ဆရာ၊ ဆရာမ (၁၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ခဲ့ပြီး လက်တွေ့လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)