Category Archives: News
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က (၁) ကျောင်း၌ ပြည်နယ်အဆင့် (Grade_2) သင်ရိုးသစ်ဆိုင်ရာသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ (၉၇၆) ဦးအား ငလျင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းများပြုလုပ်ခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောဆွေးနွေး ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Sourceး … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အ.ထ.က ကျွန်းလှတွင် ဆရာ/ဆရာမ (၄၀၀) ဦးအား (၀၉း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများ ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #sgg_may2018
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၈)ရက်နေ့ (၁၅:၄၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်အတွင်း လေဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၇)လုံး၊ ဘုန်းကြီး ကျောင်း (၁)ကျောင်း အမိုးလန်ခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၃၂၀၀၀ိ/-)ကျပ်အား (၂၃-၅-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကောလင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ်စုအဆင့် (Grade_2) သင်ရိုးသစ် သင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ (၃၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောခြင်းနှင့် လက်တွေ့သဏ္ဍာန်တူ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #sgg_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၈)ရက်နေ့တွင် ဗန်းမော်မြို့၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယသင်ရိုးတန်းသင်ရိုး သစ်မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမစုစုပေါင်း(၃၀၀)ဦးအား (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိလည်းကောင်း၊ မိုးမောက်မြို့နယ်၊ အ.ထ.က.(ခွဲ)ကြံခင်းတွင် ဆရာ/ဆရာမဦးရေ စုစုပေါင်း(၄၅၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #kcn_may2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ပြောင်ကျကျေးရွာ၊ သစ်မယ်ဇီ ကျေးရွာနှင့် ဒဂုံကွင်းကျေးရွာတို့၌ (၂၀-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၄၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၁၆၃,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၀၃,၈၀၀ိ/-) … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်တွင် (၁၁.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာခွဲ(၂၀) ရွာတွင် ဖြစ်ပွားခဲ့သောလေဘေး၊ (၁၂.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၂၄)စု၊ ရပ်ကွက်(၄)ခု တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၄.၅.၂၀၁၈)နေ့၌ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် ကျွဲသောင်အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၇.၅.၂၀၁၈)နေ့၌ ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၈.၅.၂၀၁၈)နေ့၌ သပြေကုန်းကျေးရွာအုပ်စုနှင့် ကြခတ်ကွင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတို့ကြောင့် လေဘေး ဒဏ်ခံ စားခဲ့ရသော ပြိုလဲအိမ်ခြေ(၈၃)လုံးမှ (၈၃)အိမ်ထောင်စာအတွက် (၂၆၈၅၂၉၉ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးကို … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးနှင့် American RefugeeCommittee (ARC) အဖွဲ့၏ ဥက္ကဌတို့မှ သီးခြားစီလာရောက်တွေ့ဆုံ
၂၃.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes Olijelund ဦးဆောင်သောအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H. E. Prof. Dr. IzaFadriနှင့် American Refugee Committee အဖွဲ့၏ဥက္ကဌ Mr. Daniel Wordsworth တို့က ယနေ့နံနက်ပိုင်းတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူသကခန်းမတွင် (Grade -2) ကျောင်းအုပ်စုအဆင့် သင်တန်း တက်ရောက်နေသော ဆရာ/မများ စုစုပေါင်း အင်အား (၄၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား ကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ပဲခူးမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊သီရိပညာခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားအား ကျင်းပပြုလုပ်ရာ တိုင်းဦးစီးမှူးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှု အခြေ အနေများကိုရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြား ရေးမှူး (စီမံ) မှ ကျေးဇူးတင်စကားပြောကြားကာ ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူ တစ်ဦးမှ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူ များအား … Read more









