လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ပြောင်ကျကျေးရွာ၊ သစ်မယ်ဇီ ကျေးရွာနှင့် ဒဂုံကွင်းကျေးရွာတို့၌ (၂၀-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၄၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၁၆၃,၈၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၀၃,၈၀၀ိ/-) ကျပ်တို့အား (၂၃-၅-၂၀၁၈) ရက် နေ့တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018