ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  အင်္ဂပူမြို့နယ်တွင် (၁၁.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာခွဲ(၂၀) ရွာတွင် ဖြစ်ပွားခဲ့သောလေဘေး၊
(၁၂.၅.၂၀၁၈)နေ့၌ ကျေးရွာအုပ်စု(၂၄)စု၊ ရပ်ကွက်(၄)ခု တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၄.၅.၂၀၁၈)နေ့၌ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုနှင့် ကျွဲသောင်အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၇.၅.၂၀၁၈)နေ့၌ ကြမ်းတမ်းကွင်းကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၊ (၁၈.၅.၂၀၁၈)နေ့၌ သပြေကုန်းကျေးရွာအုပ်စုနှင့် ကြခတ်ကွင်းကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးတို့ကြောင့် လေဘေး ဒဏ်ခံ စားခဲ့ရသော ပြိုလဲအိမ်ခြေ(၈၃)လုံးမှ (၈၃)အိမ်ထောင်စာအတွက် (၂၆၈၅၂၉၉ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးကို လည်းကောင်း၊ အမိုးလန်အိမ်ခြေ (၅၆၈)လုံးမှ (၅၆၈)အိမ်ထောင်စာအတွက် (၁၀၅၁၃၆၈၀ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ကိုလည်းကောင်း၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၆၅၁)လုံးတို့အတွက် စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁၃၁၉၈၉၇၉ိ/-) ရှိသော ကယ်ဆယ်ရေးပစ္စည်းများကို အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများထံသို့  (၂၃-၅-၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ရှေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_may2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events