ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

 

24 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က (၁) ကျောင်း၌ ပြည်နယ်အဆင့် (Grade_2) သင်ရိုးသစ်ဆိုင်ရာသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ (၉၇၆) ဦးအား ငလျင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းများပြုလုပ်ခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ ဟောပြောဆွေးနွေး ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Sourceး ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#kcn_may2018

Sign Up

Upcoming Events