လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ပဲခူးမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊သီရိပညာခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားအား ကျင်းပပြုလုပ်ရာ တိုင်းဦးစီးမှူးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှု အခြေ အနေများကိုရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြား ရေးမှူး (စီမံ) မှ ကျေးဇူးတင်စကားပြောကြားကာ ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူ တစ်ဦးမှ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူ များအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာဇာတ်တိုက်လေ့ကျင့်မှု ဗွီဒီယိုမှတ်တမ်းအားပြသခြင်း၊ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့် ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်ရခြင်းသည် အင်အားပြင်း ငလျင်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်ရမည့် အစီအစဉ်များအပါအဝင် ကြိုတင်ပြင်ဆင်ထားမှုများအား ဆန်းစစ်ရန်နှင့် တုံပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်အတွက် ပြုလုပ်သည့် သဏ္ဍာန်တူ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကျောင်းတွင်းငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားမှုစီမံချက်များ အနက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် စီစဉ် ဆောင်ရွက်ခြင်း၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရမည့်အစီအစဉ်ရေးဆွဲခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း မတိုင်မီကြိုတင်ရှင်းလင်းဆွေးနွေးခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဆန်းစစ်လေ့လာခြင်းဟူ၍ အဆင့် (၅) ဆင့်ခွဲခြားသတ်မှတ်ထားရှိပြီး အဆင့် (၄) ဇာတ်တိုက်လေ့ကျင့်ခြင်း၌ အချက်ပေးခြင်း၊ တုံ့ပြန်ခြင်း၊ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ စုဝေးခြင်း၊ လူဦးရေရေတွက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုပေးခြင်း၊ မိဘများထံပြန်လည်အပ်နှံခြင်းဟူ၍ အပိုင်း (၉) ပိုင်းခွဲခြားသတ်မှတ်ထားကြောင်းသိရသည်။ “ယခုလိုငလျင် ဇာတ်တိုက်လေ့ကျင့်ခြင်းသည် ဖျက်စီးမှု စွမ်းအားပြင်းထန်သော ငလျင်လှုပ်နေချိန်နှင့် လှုပ်ပြီးနောက်တွင် ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းတွင်းရှိ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအား သေချာမှုရှိစေရန်၊ အင်အားပြင်းငလျင်လှုပ်ပါက ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းတွင်းရှိ ဝန်ထမ်းများ၏ တုံ့ပြန်နိုင်မှုစွမ်းဆောင်ရည်အား မြှင့်တင်ပေးရန်၊ ကျောင်းအရေးအပေါ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်အား ဆန်းစစ်ရန်နှင့် လိုအပ် ပါကပြင်ဆင်ရန်တို့အတွက် ရည်ရွယ်ပြီး ဆရာ/ဆရာမများအား လေ့ကျင့်သရုပ်ပြမှုပြုလုပ်ပေးခြင်းဖြစ် ကြောင်း အဆိုပါအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီးနှင့် ဆရာကြီး၊ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့် (Grade-2) သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမများ (၁၀၇၄) ဦးအပါအဝင် စုစုပေါင်း (၁၂၆၉) ဦးခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#bgo_may2018