လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးနှင့် American RefugeeCommittee (ARC) အဖွဲ့၏ ဥက္ကဌတို့မှ သီးခြားစီလာရောက်တွေ့ဆုံ

24 Pic 02

၂၃.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes Olijelund ဦးဆောင်သောအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H. E. Prof. Dr. IzaFadriနှင့် American Refugee Committee အဖွဲ့၏ဥက္ကဌ Mr. Daniel Wordsworth တို့က ယနေ့နံနက်ပိုင်းတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။
ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes Olijelundနှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မူဝါဒသစ်များချမှတ်၍ လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းနှင့် အညီလူ့ဂုဏ်သိက္ခာပြည့်ဝသော လူ့အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးနှင့် ဘေးဒဏ်ခံနိုင်ရည်ရှိသော လူ့ အသိုင်းအဝိုင်းဖြစ်ပေါ်လာစေရေးကို ကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ဒေသတွင်းအစီအစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာ အကူအညီများ ပြည်သူလူထုထံထိရောက်စွာရောက်ရှိစေရန် Development Assistance Cooperation Unit(DACU) ဖွဲ့စည်း၍ဆောင်ရွက်နေမှု၊ ဆွီဒင်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးမဟာ ဗျူဟာ (၂၀၁၈-၂၀၂၂)ချမှတ်၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီဖြစ်ထွန်းရေး၊ ကျားမတန်းတူညီမျှမှု ဆိုင်ရာမူဝါဒ၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် အကူအညီ ပေးမည့်အစီအစဉ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ရေရှည်ဖြေရှင်းရမည်ဖြစ် ကာခွဲခြားဆက်ဆံမှုမရှိရေး၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ မိမိသဘောအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာရေးကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်ရှိကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းနိုင်ရေး မဟာဗျူဟာတစ်ရပ် ချမှတ်ဆောင်ရွက်ရန် စီစဉ်နေသည့်အခြေအနေများ၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ အတွက် ပြန်လည်လက်ခံရေးအခြေအနေ၊ National Verification Card(NVC) ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ အများပြည်သူသိရှိစေရန်ဆောင်ရွက်မှုအခြေအနေ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးရေးဆောင်ရွက်မှုအခြေအနေတို့ကိုဆွေးနွေးပြီးကချင်ပြည်နယ်ရှိနေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာကူညီမှုများ ထိရောက်စွာထောက်ပံ့နိုင်ရေး ဆွီဒင်နိုင်ငံမှ အကူအညီ ပေးရန် အသင့်ရှိမှုတို့ကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အင်ဒိုနီရှားနိုင်ငံသံအမတ်ကြီး H. E. Prof. Dr. IzaFadri နှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ခံရပြီးလာရောက် တွေ့ဆုံခြင်းဖြစ်ပါ ကြောင်းနှင့် ဤဝန်ကြီးဌာနနှင့်လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာနှင့် သဘာဝဘေးစီမံခန့်ခွဲမှု ဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ဆောင်ရွက်သွားရေး၊ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် အနီးကပ်ညှိနှိုင်း၍ ရခိုင်ပြည်နယ်တွင် ဆေးရုံတည်ဆောက်မှုအခြေအနေနှင့် အင်ဒိုနီးရှား နိုင်ငံအစိုးရမှ ကျောင်းဆောက်လုပ်လှူဒါန်းမှု များနှင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် UEHRD ပြည်ထောင်စု စီမံကိန်းတွင်ပါဝင်၍လူထုအခြေပြုစီမံကိန်းတစ်ရပ်ဆောင်ရွက်ရန် အဆိုပြုတင်ပြမည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ထို့နောက် American Refugee Committee (ARC) အဖွဲ့၏ဥက္ကဌ Mr. Daniel Wordsworth နှင့်တွေ့ဆုံရာတွင် မြန်မာအစိုးရမှ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသည့် ကလေးအသက် (၂) နှစ်ထိ ငွေကြေးထောက်ပံ့သည့်အစီအစဉ်တွင် ပါဝင်ကူညီဆောင်ရွက် မှု၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် သဘောတူညီမှုစာချွန်လွှာတစ်ရပ်ရေးထိုးရေးဆောင်ရွက်မှုနှင့် ဝန်ကြီးဌာန၏ အခြားသောလုပ်ငန်းများတွင် (ARC) မှ အားဖြည့်ပါဝင်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ Mother Group of Companyမှလူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန လက်အောက်ရှိသင်တန်းကျောင်းများဖြစ်သော အမျိုးသမီးသက်မွေးအတတ်သင်ကျောင်း၏ ပြုပြင်ထိန်းသိမ်းခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် လိုအပ်သော ပြုပြင်မှု များဆောင်ရွက်ရန်အတွက် ၈၃,၀၀,၀၀၀ (ကျပ်ရှစ်ဆယ့်သုံးသိန်းတိတိ) အား လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#hl1
#npw_may2018

Sign Up

Upcoming Events