Category Archives: News
-
ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင် (၁၄-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၆-၆-၂၀၁၈) ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jun2018
-
ဖိုက်ဘာစက်လှေ (၂) စီးလွှဲပြောင်းပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ (၉-၇-၂၀၁၇) ရက်နေ့ခရီးစဉ်၌ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာနှင့် အပေါက်ဝကျေးရွာတို့မှ ပြည်သူလူထု ၏ တင်ပြ ချက်အရ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပေးပို့သောစက်လှေ (၂) စီးအား (၆-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သရက်တပင်ကျေးရွာနှင့် အပေါက်ဝကျေးရွာများသို့သွား ရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #rke_jun2018
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၈-၅-၂၀၁၈)ရက်နေ့မှ (၁၈-၅-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၉၂) လုံး၊ အမိုးလန်အိမ်ခြေ (၆၄၉) လုံး၊ အိမ်ထောင်စု (၇၄၁) စု၊ လူဦးရေ (၂၇၅၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၃၄,၄၉၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅,၇၈၅,၅၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်း အတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁,၅၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁,၇၇၅,၅၀၀ိ/-) … Read more
-
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ ဇွန် (၆) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင် များ ညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ(၁၃း၀၀) တွင်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သတ်၍ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင် ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဆင်ပြီးဥပဒေအရ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုရေးဆွဲထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေတွင် … Read more
-
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကန်တော်ဒေသရေထိန်းကန် ရေဝင်များပြီး ရေတိုက်စားကျိုးပဲ့
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်မိုးဆက်တိုက်ရွာသွန်းမှုကြောင့် (၆-၆-၂၀၁၈) ရက်နေ့တွင် ကန်တော် ကျေးရွာ အုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဒေသ ထိန်းသိမ်း ကန်မှ ရေပိုရေလွှဲ ပေ(၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့်သည် နံနက် ၅နာရီခန့်က ကျိုးပဲ့ခဲ့သည်။ အဆိုပါ ရေပိုလွှဲမှရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင် အမှတ် ၁၁/၂ ကန်တော်အရှေ့ ရေကျော်တွင် ၁ပေခန့်ရေကျော်မှုဖြစ်ပွား ခြင်းကြောင့် ယာဉ်သွားမှု ခေတ္တရပ် ဆိုင်းခဲ့ရပါသည်၊၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်များသည် (၆.၆.၂၀၁၈)ရက်နေ့ နေ့လည်(၁:၀၀)အချိန်၌ ပြွန်တန်ဆာမြို့၊ သာသနသောဘဏိကာရုံ ပင်းတလဲကျောင်းတိုက်တွင် ရပ်ရွာ ပြည်သူလူထု အင်အား (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှ ခြင်း၊ ပိုစတာများဖြန့်ဝေခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ညောင်လေး ပင်မြို့၊ ဥတ္တရာရာမ မြောက်ကျောင်းတိုက်၌ ရပ်ရွာ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_jun2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တယဝန်ရှိသူများသည် (၆-၆-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ ပြည်သူလူထု (၁၀၀)ဦး အား ငလျင်ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး ဆောင်ရန်/ရှောင်များ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_jun2018 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်( ၂ – ၆ – ၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၂၁၀၀) ကျပ်တို့ကို (၅- ၆ ၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir #tny_june2018 Sorue: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ (၅-၆-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ် ရေမြောင်းတွင်း ခြေထောက်ရေဆေးရာမှ ရေစီးနှင့်အတူ မျောပါသေဆုံးကလေး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၆-၆-၂၀၁၈) ရက်နေ့တွင် သေဆုံသူ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #shn_jun2018









