===================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အောင်လှိုင်၊ ပက်ပြဲအေးကုန်းကျေးရွာများ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် နေအိမ် (၁၂) လုံးပြိုကျပျက်စီးခဲ့မှုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂) သိန်းနှင့် ဆန်ဖိုးငွေ (၁၁၃၄၀၀) ကျပ်တို့ကို (၁၃-၆-၂၀၁၈) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ဆက်လက်ပြီး ပင်လယ်ဒီရေမြင့်တက်ပြီး လှိုင်းကြီးများ ရိုက်ခတ်မှုကြောင့် ကမ်းခြေတိုက်စားမှုှုဖြစ်နေသည့် သရက်ပင်ဆိပ်၊ ခါးပြတ်၊ ဗန်ဒါပင်၊ အောင်လှိုင်၊ ပက်ပြဲအေးကုန်းကျေးရွာ ကမ်းစပ်တစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ထိခိုက်ဆုံရှုံးမှုမရှိစေရေး ကျေးရွာသဘာဝဘေးကာကွယ်ရေးကော်မတီအဖွဲ့များနှင့်အမြဲမပြတ်စောင့်ကြပ် ကြည့်ရှူနေကြကြောင်း သိရှိရပါသည်။