===================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့ ဓနုံးကုန်းကျေးရွာအုပ်စု ဇလပ်ကုန်းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေး (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာအား သက်ဆိုင်ရာတာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။