ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

14_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်အတွင်းရှိ မရွေးကုန်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာတွင် (၉.၆.၂၀၁၈)ရက်နေ့  လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ(၂)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ(၂၀)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၄၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂,၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၈၂,၀၀၀/-)ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ (၂)အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၄)အိမ်ထောင်စာကိုလည်းကောင်း (၁၃-၆-၂၀၁၈)ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_jun2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events