
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာ (၂၉) ရွာ၊ ရပ်ကွက် (၁) ခုတို့၌ (၂၆/၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀ိ/-)ကျပ်၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် နေအိမ် (၈၂) လုံးအတွက် ထောက်ပံ့ ငွေ (၃,၅၅၇,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄,၀၈၈,၅၀၀ိ/-) ကျပ်တို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_jun2018