ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာအုပ်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၈) စု၊ ကျေးရွာ (၁၁) ရွာ၊ ရပ်ကွက် (၂) ခုတို့၌ (၂၉/၃၀/-၅-၂၀၁၈) ရက်နှင့် (၁၀-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၇,၂၀၀ိ/-)ကျပ်နှင့် အမိုးလန်နေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၈၂,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၄၉,၂၀၀ိ/-) ကျပ်တို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_jun2018

Sign Up

Upcoming Events