Category Archives: News
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဓနုံးဆိပ်ကျေးရွာအုပ်စု၊ ဓနုံးဆိပ် ကျေးရွာ၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၂၁၀၀ိ/-)ကျပ်နှင့် ဖူထီကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် … Read more
-
ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ
ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီး ဌာန၏ မူဝါဒနှင့်အညီထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ဖြစ်စေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိရာ- မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာ၌ (၁၂-၆-၂၀၁၈)နေ့တွင် တညောင်ချောင်း ရေတိုက်စား မှုကြောင့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ … Read more
-
(၁၅.၆.၂၀၁၈) ရက်နေ့ နံနက် (၀၆:၃၀) နာရီ အချိန်တွင် တိုင်းတာရရှိသော စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသောမြို့နှင့်စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့၏ မြစ်ရေအခြေအနေ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၅.၆.၂၀၁၈) ရက်နေ့ နံနက် (၀၆:၃၀) နာရီ အချိန်တွင် တိုင်းတာရရှိသော စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသောမြို့နှင့်စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့၏ မြစ်ရေအခြေအနေကို သိရှိနိုင်ပါရန် ဖော်ပြလိုက်ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ တီမောလက်စ်တေနိုင်ငံမှ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီးနှင့် ရန်ကုန်မြို့ ဂျပန်သံရုံးမှ သံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ
၁၄-၆-၂၀၁၈ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ ဝါရင့်ဝန်ကြီး H.E. Mr. Jose Ramos Horta နှင့် ရန်ကုန်မြို့ ဂျပန်နိုင်ငံသံရုံးမှ သံမတ်ကြီး H.E. Mr. Ichio MARUYAMA တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌သီးခြားစီ လာရောက်တွေ့ခဲ့ကြပါ သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်Ms. Christine SchranerBurgener ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်၊ ငကွကျေးရွာနှင့် ကြက်တူရွေးကျေးရွာတို့တွင် (၁၂- ၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၁၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၅)ပုံး (၉၂၅၅၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၇၈၀၀ိ/-) ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀ိ/-) ၊ စုစုပေါင်းရန်ပုံငွေ (၁၈၇၈၀၀ိ/-) တို့အား (၁၄-၆-၂၀၁၈)ရက်နေ့ (၁၅း၂၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၅း၅၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၀၀) နာရီ အချိန် အထိ ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးနှင့် ငလျင်ဘေးများနှင့် ပတ်သက်၍ … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မြောင်းမြမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ထန်းကုန်ကျေးရွာအုပ်စု၊ မြောင်းမြမြို့ (၁၀) ရပ်ကွက်၊ ကံသာကုန်းကျေးရွာအုပ်စု(၂)စုနှင့် ရပ်ကွက်(၁)၊ အေရွားကျေးရွာ ကံသာကုန်းကျေးရွာနှင့် (၁၀) ရပ်ကွက်တို့၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၂) လုံးနှင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံး စုစုပေါင်းနေအိမ် (၃) လုံးမှ … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ကျေးရွာ(၇)ရွာ၌ (၁၁.၆.၂၀၁၈)ရက်နေ့နှင့် (၁၂.၆.၂၀၁၈)ရက်နေ့တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ချောင်းရေမြင့်တက်ပြီး မျောပါပျက်စီးနေအိမ်(၅)လုံး၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၅)လုံး စုစုပေါင်းအိမ်ခြေ(၁၀)လုံး၊ ရေဘေးသင့့်ခဲ့ရာ မျောပါပျက်စီးနေ အိမ်(၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး (၅) အိမ်ထောင်စာနှင့် ကြိုတင်ဖျက်သိမ်း နေအိမ် (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထာင်စာကို (၁၄.၆.၂၀၁၈)ရက်နေ့တွင် ကံမမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #shn_jun2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စု၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ လူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၃၁၂၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ပလပ်စတစ်ပုံးအပါ (၄) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃၀) လုံးအတွက် တန်ဖိုးသင့့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၉၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more









