လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတို့တွင် (၁၁/ ၁၂.၆.၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၃၂၀၀၀/-)ကျပ်နှင့် (၅.၆.၂၀၁၈)နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးသင့် သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ (၇၃၂၀၀၀/-)ကျပ်တို့အား (၂၀.၆.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_tls
#bgo_jun2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)