သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

21_Pic_02 21_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကို (၂၀.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အထက(၁)၌ ပြုလုပ်ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀)ခန့်အားလည်းကောင်း ညနေပိုင်းတွင် တောင်ကြီးမြို့အထက(၃)၌ ပြုလုပ်ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၄၀၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ် ခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_jun2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events